တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာက အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲကင်းစခန်းအား ထားဝယ် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ အနီးကပ် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
အကြမ်းဖက် ရဲကင်းစခန်းအား အောက်တိုဘာ ၁၉ ရက် နေ့လည် ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ထားဝယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် တပ်သား ၆ ဦး သေဆုံးခဲ့တယ်လို့ (PDF Dawei District Battalion 1 – P23301)ထားဝယ်ခရိုင်၊အမှတ်(၁) တပ်ရင်း မှ အောက်တိုဘာ ၂၅ ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ စီးနင်းတိုက်ခိုက်မှု မိနစ် ၂၀ နီးပါးကြာမြင့်ခဲ့ပြီး၊ထားဝယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိအောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း နှင့် ထားဝယ်မြို့နယ် (ပကဖ)တို့မှ ပူးပေါင်း စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။