တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ်) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၂၈ ရက် ညနေ ၆ နာရီ ၃၉ မိနစ်ခန့်က ပကာရီကျေးရွာ၊ ရွာလယ်လမ်းဆုံ၌ ဂိတ်ဖွင့် ပြီး အချိန်ပြည့် အရက်သေစာသောက်စားမူးယစ်ကာ ခရီးသွားမိဘပြည်သူများအပေါ် မတရားငွေကြေး ကောက်ခံနေသော အကြမ်းဖက်စစ်သားများကို လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၃၀ ခန့်ကြာ မြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန်ဒဏ်ရာရရျိခဲ့ကြေင်း သိရသည်။
“ပြောက်ကျားဝင်ပစ်တဲ့အချိန်မှာတော့ ၅ ကောင်၊ ၆ ကောင်လောက်ရှိတယ်ဗျ၊ သေတာက နှစ်ကောင်၊ နာတာက နှစ်ကောင်လို့ သိရတယ်၊ အဲဒီနေရာက ကားတွေကို စစ်ဆေးတဲ့ဂိတ်ပါ၊ ရဲစခန်းနဲ့လည်း သိပ် မဝေးဘူး၊ ပြောက်ကျားဝင်ပစ်ခဲ့တာဆိုတော့ စစ်ကူလာတာမရှိဘူး၊ ရဲစခန်းထဲကနေ လက်နက်ကြီးနဲ့ ထုတာတော့ရှိတယ်၊ ကျနော်တို့ရဲဘော်တွေ ပြန်ဆုတ်လာပြီးမှပါ၊ ည ၁၀ နာရီလောက်မှ ရွာပတ်ပတ် လည်ကို ရမ်းထုနေတာ” ဟု ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ်)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သား ၂ ဦး၏ အလောင်းများကို ကား ၂ စီး၊ အင်အား ၂၀ ခန့်ဖြင့် လာရောက်ကောက်ယူသွားကြောင်း၊ အကြ်မးဖက်စစ်တပ်မှ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ မိဘပြည်သူများ ထိခိုက်မှုမရှိခဲ့ ကြောင်း သိရသည်။
စစ်ရေးအရှိန်မြှင့်တိုက်ခိုက်လျက်ရှိရာ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း၊ စစ်သားများနှင့် နီးသော နေရာများတွင် စစ်ရေး သတိရှိစွာဖြင့် ဖြတ်သန်းသွားလာနေထိုင်ကြရန် ဥဩ စစ်ကြောင်း(ထားဝယ်မြို့နယ်)မှ ထုတ်ပြန်ထားသည်။