တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် မြို့ပြမစ်ရှင်များ ဖော်ဆောင်ရန် Guerrilla Dawei အဖွဲ့က မောင်းပြန် ၅ လက်ရရှိရေး ကမ်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ Guerrilla Dawei (ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့) က ”မြို့ပြမစ်ရှင်ဖော်ဆောင်ဖို့ ဝိုင်းဝန်းကူညီအားဖြည့်စို့” ဆိုတဲ့ ပရောဂျက်လေးကို ပြုလုပ်မည်ဖြစ်ကြောင်း၊ Guerrilla Dawei အဖွဲ့သည် ထားဝယ်မြို့၏ တစ်ခုတည်းသော ထားဝယ်မြို့ပြ မြေအောက် တော်လှန်ရေး UG အဖွဲ့စည်းဖြစ်ပြီး တနင်္သာရီတိုင်း တစ်တိုင်းလုံးတွင် မြို့ပြမစ်ရှင် အများဆုံး ဖော်ဆောင်ခဲ့သည့် မြို့ပြ UG တပ်ဖွဲ့တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
Guerrilla Dawei အဖွဲ့၏ မြို့ပြစခန်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့၌ စီးနင်းခံခဲ့ရပြီး လက်နက်ခဲယမ်း အားလုံး အပါအဝင် Guerrilla Dawei ရဲဘော်တစ်ချို့လည်း အကြမ်းဖက် ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။
ထို့ကြောင့် ဆက်လက်၍ မြို့နယ်များမှ မြို့ပြဆီကို ပြန်လည် ဝင်ရောက်ပြီး မြို့ပြမစ်ရှင်များ ဆောင်ရွက် နိုင်ရန် (မောင်းပြန် ၅ ဝယ်ယူရန်အတွက်) ”မြို့ပြမစ်ရှင်ဖော်ဆောင်ဖို့င်းဝန်းကူညီအားဖြည့်စို့” ဆိုသည့် ငွေကျပ်သိန်း ၇၅၀ ရရှိရေး ပရော့ဂျက်တွင် ထားဝယ်တစ်မြို့နယ်လုံးအပါအဝင် ဒေသအသီးသီးမှ တော်လှန်သော ပြည်သူများ ကူညီ အားဖြည့်ပေးကြရန် အထူးမေတ္တာရပ်ခံကြောင်း တိုက်တွန်းထားသည်။
မောင်းပြန်တစ်လက် 135000 ဘတ် ၊ ကျည်တစ်တောင့် 65 ဘတ်၊ မောင်းပြန်5လက်အတွက် 675000 ဘတ်၊ ကျည် 1000 အတွက် 65000 ဘတ် ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။ ူ
တော်လှန်သော ပြည်သူများနှင့် ထောက်ပို့ရဲဘော် ညီအကိုမောင်နှမများ အနေဖြင့် မိမိတတ်နိုင် သောအင်အားဖြင့် ပူးပေါင်းပါဝင် ကူညီအားဖြည့် လှူဒါန်းရင်း မြို့ပြမစ်ရှင်တွေမှာ အုပ်တစ်ချပ်အဖြစ် သဲတစ်ပွင့်အဖြင့် ပါဝင်ပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းအပ်ကြောင်း Guerrilla Dawei ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ကမ်ပိန်းတွင် ပါဝင်မည့် အလှူရှင်များအနေဖြင့် Guerrilla Dawei အဖွဲ့၏ https://www.facebook.com/profile.php?id=100064420585698… facebook Page ကို ဆက်သွယ်လှူတန်းနိုင်ကြောင်း သိရသည်။