ထားဝယ်ခရိုင်မှာ အခုမိုးရာသီအစပိုင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေတယ်လို မြိုခံတွေဆီကသိရပါတယ်။
အခုမိုးရာသီမရောက်ခင်ကတည်းက သွေးလွန်တုပ်ကွေးဖြစ်ပွားတာကြောင့် ဆေးရုံတက်ကုသမှုခံယူတာတွေလည်းရှိနေပေမယ့် အခုမိုးရာသီအစမှာတော့ ဖြစ်ပွားမှုနှုန်းသိသိသာသာများလာတယ်လို မြိုခံတွေကဆိုပါတယ်။
“ဒီနှစ်တော်တော်လေးအဖြစ်များနေတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း လူတွေများနေတယ်” လို ထားဝယ်ဒေသခံ ဆရာဝန်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ရပ်ကွက်၊ ကျေးရွာတိုင်းလိုလိုမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားနေတာဖြစ်ပြီး ကလေးငယ်တွေမှာအဓိကဖြစ်နေတယ်လိုသိရပါတယ်။
ပြီးခဲ့တဲ့မေလထဲမှာလည်း ထားဝယ်မြိုပေါ်မှာ အသက်ကြီးပိုင်းတွေမှာပါသွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့တာတွေရှိတယ်လို မြိုခံတွေကဆိုပါတယ်။
“ခြင်ကတော့ အရမ်းကို သိသိသာသာပေါလာတာ။ အခုလမိုးအရမ်းကြီးပြီးနောက်မှာပေါ့။ ကျနော်မြင်ရတာတော့ သွေးလွန်တုပ်ကွေးခြင်တွေလိုပဲ” လို မြို ခံတစ်ဦးက ပြောပါတယ်။
ရပ်ကွက်အလိုက် ပရဟိတအသင်းတွေကတော့ အလှုငွေကောက်ခံပြီး နေအိမ်တွေမှာ ခြင်ဆေးလိုက်ဖြန်းပေးနေတာမျိုးပြုလုပ်နေတယ်လိုသိရပါတယ်။
ခြင်ဆေးဖြန်းတာဟာလည်း ဆေးဖြန်းချိန်ခဏပဲခြင်ပြေးပြီး သိပ်မကြာခင်ခြင်တွေပြန်ရောက်လာတယ်လို မြိုခံကဆက်ပြောပါတယ်။
သွေးလွန်တုပ်ကွေးဟာ ခြင်ကတဆင့်ကူးစက်တဲ့ရောဂါဖြစ်ပြီး သာမန်တုပ်ကွေးလက္ခဏာလောက်နဲ့ပျောက်ကင်းသွားတတ်သလို ရောဂါလက္ခဏာပြင်းထန်ပြီး အသက်အန္တရာယ်လည်းရှိနိုင်တဲ့ရောဂါတစ်ခါဖြစ်ပါတယ်။