တနင်္သာရီတိုင်း၊ ထားဝယ် အရှေ့တော ဒေသသို့ အကြမ်းဖက် စစ်ကောင်စီက စစ်ကြောင်းထိုးနေခြင်းကြောင့် ထားဝယ်-ထီးခီးလမ်းမကြီးအား ဩဂတ် ၁၆ ရက်မှ ၂၀ ရက်အတွင်း သွားလာမှုမပြုကြရန် ဥဩစစ်ကြောင်းမှ အရေးပေါ်ကြေငြာချက်ကို ယနေ့ ဩဂုတ် ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီအနေနှင့် လမ်းပေါ်တွင် သွားလာနေသော မိဘပြည်သူများ ၊ ရွာအနီးနားရှိ ကျေးရွာနေပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ဓါးစာခံပြုလုပ်လျှက်ရှိပါသည်။
ထို့ကြောင့် မိဘပြည်သူများနှင့် ဖြတ်သန်းသွားလာမည့် ကုန်တင်ကားများကို အကြမ်းဖက် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများကြားတွင် ထိခိုက်မှုမရှိစေရန် ရှောင်ရှားပေးကြပါရန် ဥဩစစ်ကြောင်းမှ အထူးသတိပေးမေတ္တာရပ်ခံ အပ်ပါသည်။