ဗိုလ်ချုပ်ကြီး ပရာယွတ် ဦးဆောင်သော ထိုင်းနိုင်ငံ အာဏာသိမ်း စစ်အစိုးရက ရွေးကောက်ပွဲ ရှုံးနိမ့်ပြီးနောက် အာဏာသက်တမ်း မကုန်မီ မြန်မာ့အရေး Track1.5 ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပမည်ဖြစ်ပြီး စစ်ကောင်စီ နိုင်ငံခြား ရေးဝန်ကြီးကို ဖိတ်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇွန်လ ၁၉ ရက်နေ့ ထိုင်းနိုင်ငံတွင် မြန်မာ့အရေး ဆွေးနွေးပွဲ Track 1.5 ကို ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသည် ထိုင်းစစ်အစိုးရက ရွေးကောက်ပွဲ အရ ဖြစ်ပေါ်လာမည့် ထိုင်းအစိုးရသစ်ကို အာဏာမလွဲမီ ကျင်းပခြင်းခြင်းဖြစ် ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြား မည်ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားက တက်ရောက်ဖွယ်မရှိကြောင်း၊ သို့ရာ တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ပါဝင်နေကြ နိုင်ငံများ တက်ရောက်ဖွယ် ရှိကြောင်း သိရှိရသည်။
ထိုင်းစစ်အစိုးရက အာဏာမလွှဲမီ ယင်းသို့ မြန်မာ့အရေး ဆွေးနွေးပွဲကို ဖုတ်ပူ မီးတိုက် အလျှင်အမြန်ကျင်းပခြင်း နောင် ထိုင်းအစိုးရသစ်အနေဖြင့် ရှေ့က ချမှတ်ခဲ့သည့် ထိုင်းစစ်အစိုးရ ပေါ်လစီများကို ပြင်ဆင်ခြင်းမပြုနိုင်ရန် လုပ် ဆောင်ခြင်းဟုဆိုနိုင်ကြောင်း၊ တစ်နည်းအားဖြင့် အကြမ်းဖက်မင်းအောင် လှိုင်ကို လက်ရှိ ထိုင်းစစ်အစိုးရက မျက်နှာသာ ပေးခြင်းဖြစ်ကြောင်း၊ လာအိုနိုင်ငံ ကလည်း မြန်မာ့အရေးဆွေးနွေးပွဲ 1.5 ကို ဩဂုတ်လ (သို့မဟုတ်) စက်တင်ဘာလတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူ အီဂေါဘလစ်က သုံးသပ်ပြောဆိုသည်။