ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ အာစီနန်းတော် ခြံဝန်းတွင် အောက်တိုဘာလ ၂၁ ရက်နေ့၌ ထိုင်းနိုင်ငံရောက်( Union brother) အဖွဲ့က နွေဦးတော်လှန်ရေး ရန်ပုံငွေ ရရှိရေး “သွေးကြွေးဆပ်မဲ့ပွဲ” ရုပ်ရှင် ပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေကို မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကြောင့် လက်နက် ကိုင်ခုခံတော်လှန်နေသည့် တပ်ရင်းတပ်ဖွဲ့များကို လှူဒါန်းသွားမည် ဖြစ်ကြောင်း၊ Union brother အဖွဲ့သည် စစ်အာဏာရှင် ပြုတ်ကျရေး အတွက် တဖက်တလှမ်းမှ ထောက်ပံ့ ကူညီပေးနေသည့်အဖွဲ့စည်းဖြစ်ပြီး ထိုင်းရောက်မြန်မာနိုင်ငံသားများ၏ ပါဝင်လှူဒါန်းမှုများအား တော်လှန်ရေးကို ထိထိရောက်ရောက်ကူညီမှု ပေးနေသည့် အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိကာလတွင် ထောက်ပို့လှူဒါန်းငွေ ပိုမိုရရှိအောင် လုပ်ဆောင်နေပြီး ရုပ်ရှင်ပြသရာမှ ရရှိသည့် ငွေကြေးပမာဏ၏ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့များကို ပေးအပ်သွားမည်ဖြစ်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို ရုပ်ရှင်ရိုက်ကွင်းများ၏ ကုန်ကျစာရိတ်အဖြစ် သုံးစွဲမည်ဖြစ်ပြီး ရရှိငွေကြေးပမာဏကိုလည်း စားရင်းအင်းနှင့်တကွ ဖော်ပြပေးသွားမှာဖြစ်ကြောင်း ရုပ်ရှင်ပြသရေးလုပ်ဆောင်နေတဲ့ (Uninon brother) အဖွဲ့တာဝန်ရှိသူကပြောဆိုသည်။
“သွေးကြေးဆပ်မဲ့ပွဲ” ရုပ်ရှင် ဇာတ်လမ်းကို တော်လှန်ရေးထောက်ပို့ရဲဘော် ရဲမေများ ပါဝင်သရုပ်ဆောင်ထားပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကားကိုလည်း နိုင်ငံတကာအထိ ပြသပြီး ရရှိသည့် ငွေကြေးများကိုပါ တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့များထံ ထိထိရောက်ရောက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊ တော်လှန်ရေး ထောက်ပို့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကာ ရိုက်ကူး ပြသခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် တော်လှန်ရေးထောက်ပို့များဖြစ်ကြသည့် ကိုမိုက်ကယ်၊ ကိုစည်နှင့် မမို့မို့တို့မှ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး (Union brother) ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား ထောက်ပို့ အဖွဲ့အနေဖြင့် ပထမဦးဆုံး ရိုက်ကူးပြသခြင်းဖြစ်ကြောင်း ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။