စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီ ၄၉ မိနစ်ခန့်တွင် မြစ်ကြီးနားမှ ဆင်းလာသည့် ဂျက်ဖိုက်တာ ၁ စီးသည် ထီးချိုင့်မြို့နယ်၊ ဇီးကုန်းရွာ အနီး ၂ ကြိမ် နှင့် နတ်အင်းရွာ စာသင်ကျောင်း အနီး ၁ ကြိမ် ဗုံးကျဲ ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကြောင်း သိရသည်။
” ဘာတိုက်ပွဲမှ ရှိမနေပါဘူး။ စစ်ခွေးတွေ ဗုံးကျဲတာ နတ်အင်း စာသင်ကျောင်းမှာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ ကနဦး သိရပါတယ်” ဟု Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။