စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်ရှိ ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ ပြာကျခဲ့ကြောင်း Tigyaing Revolution TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့က စတင်ကာ ထီးချိုင့်မြို့ပေါ်ရှိ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်နှင့် စံပြရပ်ကွက်ရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“နေအိမ် ဘယ်လောက် ပျက်စီးသွားလဲ ဆိုတာတော့ မသိရသေးဘူး။ နိုဝင်ဘာလ ၁၄ ရက်နေ့ လောက်တည်းက စရှို့နေတာ အမှတ် ၃ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက် နဲ့ အမှတ် ၂ ရပ်ကွက်ကော စစ်ခွေးတွေက ရှို့သွားတာ” ဟု Tigyaing Revolution TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။