မကွေးတိုင်း၊ ထီးလင်းမြို့နယ် နဲ့ ကျောက်ထုမြို့နယ် အကြားမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရွှေသာအောင်တပ်စခန်းကို PDF တွေက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့Yaw Revolution Army – ထီးလင်းက ဒီနေမှာသတင်းထုတ်ပြန်ပါတယ်။
ဂန့်ဂေါခရိုင်တပ်ရင်း ၃ နဲ့ aw Revolution Army – ထီးလင်း တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ရွှေသာအောင်တပ်စခန်းမှာရှိတဲ့ အထိုင် အကြမ်းဖက်စစ်သားတွေက ထီးလင်းကနေ လာကြိုတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ပူးပေါင်းပြီး စခန်းကို ဖျက်ကာ မီးရှို့ထွက်ခွာ သွားတဲ့အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ပခုက္ကူခရိုင်၊ ထီးလင်းမြို့နယ် နဲ့ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ် ရဲ့ မြိုနယ်ခွဲဖြစ်တဲ့ ကျောက်ထုမြို့နယ် အကြားမှာရှိတဲ့ အကြမ်းဖက် စစ်တပ် ရဲ့ ရွှေအောင်သာ အထိုင်တပ်စခန်းမှ ရန်သူတွေဟာအဆိုပါ စခန်းကို ဇွန် ၁၉ ရက်နေ့မှာ စခန်းဖျက်မီးရှို့စွန့်ခွာ သွားတာပါ။
စခန်းမီးရှို့ဖျက်ဆီးကာ၊ ထီလင်းမှ လာကြိုတဲ့ စစ်ကြောင်း နဲ့ ပူးပေါင်းပြီး ထီးလင်းမြို့ဘက်သို့ အင်အားဖြည့်ရန် ထွက်ခွာသွား တာဖြစ်တယ်လို့ ဆိုပါတယ်။
ရန်သူစွန့်ခွာထွက်သွားတဲ့ စခန်းအား ပြည်သူ့ကာကွယ်ရေး တပ်မတော် ဂန့်ဂေါခရိုင် တပ်ရင်း ၁၅/ တပ်ရင်း /၁၆ / တပ်ရင်း ၁၇ ပူးပေါင်းအဖွဲ့တို့မှ ဇွန် ၂၁ ရက် မနေ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။