ရန်ကုန် အင်းစိန်ထောင်ထဲက ထောင်ဒဏ် ၂၇ နှစ်ချခံထားရတဲ့ အသက် ၂၂ နှစ်အရွယ် မောင်မင်းဟိန်းခန့်မှာ အချိန်မီ ဆေးကုသခွင့်မရတာကြောင့် သေဆုံးခဲ့တယ်လို့ နိုင်ငံရေး အကျဥ်းသားတွေကို ကူညီနေသူတစ်ဦးက သတင်းပေးပို့ပါတယ်။
“သူက နှလုံးရောဂါအခံရှိတယ်၊ အချိန်မီဆေးကုသခွင့်မရဘူး၊ ပိုဆိုးတာက အခုနောက်ပိုင်းထောင်ဝင်စာတွေ ကန့်သတ်လိုက်တဲ့အတွက် လိုအပ်တဲ့ဆေးဝါးတွေလည်းသွင်းလို့ မလွယ်ဘူး၊ တကယ်ရောဂါအခံရှိနေတဲ့သူတွေ သေဖို့ပဲ ရှိတယ်” လို့ပြောပါတယ်။
လက်ရှိစစ်ကောင်စီက အကျဥ်းသားအခွင့်အရေး ချိုးဖောက်နေမှုတွေကို နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းဆန့်ကျင်ပေးဖို့နဲ့၊ နိုင်ငံရေးအကျဥ်းသားတွေကို မေ့မထားဖို့လိုတယ်လို့လည်း ဆက်ပြောပါတယ်။