မေလ (၁) ရက်နေ့မှ ဇူလိုင် (၇) ရက်နေ့အထိ တောင်ပိုင်းမှာ စစ်ရေးမအေးဖို့ တောင်ပိုင်း ဒရုန်းအဖွဲ့တွေအားနဲ့ ဒရုန်းမိုးရွာ စစ်ရေးအရှိန်မြှင့် အမြန်ဆုံးမြှင်တင်ပေးနိုင်ရန် အတွက် ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်ပါတယ်။မြောက်ပိုင်းမှာအောင်ပွဲတွေအလီလီရနေချိန်မှာ တောင်ပိုင်းအတွက် အောင်ပွဲတွေကိုရရှိနိုင်ဖို့ရာ တောင်ပိုင်းဒေသမှာ လက်ရှိပွဲကနိုင်မယ့်/ ပွဲကနေဆဲ(ထောက်ပို့ရန် လိုအပ်သော) ဒရုန်းအဖွဲ့အားလုံးအတွက်ဖြစ်ပါတယ်။
ထောက်ပို့ပြည်သူများအနေဖြင့်Page က ထုတ်ပြန်ကြေညာပေးသော (ထိုင်းဘဏ်အကောင့်၊SDB Banking ၊ NUG Pay) တွေကနေ ဘတ် 300၊မြန်မာငွေကျပ် ၃၀၀၀၀ဖြင့် ဂုဏ်ပြုမှတ်တမ်း တစ်စောင်စာ ကိုထောက်ပို့နိုင်မှာဖြစ်ပါတယ်။
(ဂုဏ်ပြုမှတ်တမ်းတစ်စောင်၏ တန်ဖိုးသည် ဘတ်(၃၀၀) ဖြစ်ပြီး နောက်ဆုံးဂုဏ်ပြုမှတ်တမ်း၏ ကုတ်နံပါတ်ကို ၃၀၀ မြှောက်လျှင် ကမ်ပိန်း၏ စုစုပေါင်း ရရှိငွေ ဖြစ်ပါသည်။ အကယ်၍ ဘတ် 600 ထည့်ဝင်ရင် ဂုဏ်ပြုမှတ်တမ်း 2 စောင် ရရှိမှာဖြစ်ပါတယ်။
ဘတ် 400 မျိုး၊ 500 မျိုး မထည့်ဝင်စေလိုပါ ဘတ် 300, 600, 900 စသည့် ဆိုလျှင်ဂုဏ်ပြုကဒ် ပြန်လည်အဆင်ပြေစွာ ပေးအပ်နိုင်ရန်အတွက် ဖြစ်ပါတယ်။ ကမ်ပိန်းမှရရှိငွေများကိုကမ်ပိန်းအဖွဲ့က စိစစ်အတည်ပြု ထုတ်ပြန်ပြီးဖြစ်သော အကြုံးဝင်သည့်ဒရုန်းအဖွဲ့များကို အညီအမျှ ခွဲဝေထောက်ပံ့ပေးသွားပါမည်။ (ဒရုန်းအဖွဲ့တွေရဲ့ လက်ခံရရှိကြောင်း မှတ်တမ်းကို
ပြန်လည်ကြေညာပါမည်)
အမှတ်တရ ကံစမ်းမဲ အနေနဲ့ကတော့ လက်သုံးချောင်းထောင် အမှတ်တရ ဆွဲပြား (20 ) ဆုကို မဲဖောက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ခွဲဝေရရှိသော ထောက်ပို့ငွေများအား ဒရုန်းအဖွဲ့တွေမှ မြေပြင်စစ်ဆင်ရေးတွင် လိုအပ်သည့် ဒရုန်းနှင့် ဆက်စပ် အထောက်အကူပြုလိုအပ်နေရာများတွင်သုံးစွဲသွားကြလိမ့်မှာဖြစ်ပါသည်။
တောင်ပိုင်းဒရုန်း(ကရင်၊မွန်၊ ပဲခူးနှင့် တနင်္သာရီ)ဒေသများအတွက် ဝိုင်းဝန်း ဝန်းရံပေးကြပါစို့
ကမ်ပိန်းဖွင့်ပွဲကို ယနေ့ည မြန်မာစံတော်ချိန် ၇နာရီခွဲမှာကျင်းပပေးသွားမှာဖြစ်ပြီး တော်လှန်မီဒီယာတွေကနေတဆင့် Liveလွှင့်ပေးသွားပါမယ်ဗျ
ကမ်ပိန်းဖွင့်ပွဲပြီးချိန်မှစ၍ ပြည်သူတို့ရဲ့ထောက်ပို့မှုကိုစတင်လက်ခံသွားမှာဖြစ်လို့ ဝန်းရံဖို့အဆင်သင့် စောင့်နေပေးကြပါဗျ
ပြည်သူဝန်းရံတို့အားမာန်
ဒရုန်းမိုးရွာဖို့ရုန်းကြစို့
တောင်ပိုင်းမှရန်ကုန်သို့
လမ်းများအားလုံးနေပြည်တော်သို့
အရေးတော်ပုံအောင်နေပြီ
နွေဦးတော်လှန်
ငါတို့မှာငါတို့ပဲရှိသည်
https://www.facebook.com/share/v/NEtCptDWdYE1oVGL/?mibextid=oFDknk