ပဲခူးတိုင်း ၊ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို PDF တွေနဲ့ ဆက်သွယ်ဖို့ ကူညီပေးတယ်ဆိုပြီး ထောင်အာဏာပိုင်အချို့ကို စစ်တပ်က ဖမ်းဆီးထားတယ်လို့ ထောင်တွင်းသတင်းရင်းမြစ်ထံကသိရပါတယ်။
ဖမ်းဆီးခံထားရသူထောင်အာဏာပိုင် ၆ ဦး ထိရှိပြီး ထောင်ပိုင်လည်းပါတယ်လို့သိရပါတယ်။
အမိန့်ညွှန်ကြားချက်ကို မလိုက်နာတာ ၊ အကျဉ်းသားတွေကို ပြင်ပနဲ့ ဆက်သွယ်ပေးတာ စတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတာပါ။
ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ကလည်း ဒိုက်ဦးအကျဉ်းထောင်အဆောင်မှူး ဦးမျိုးထိုက်ဆိုသူ ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပါသေးတယ်။
ဒိုက်ဦး(ကျိုက်ဇကော )အကျဉ်းထောင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေသတ်ဖြတ်ခံရတဲ့သတင်းဆိုးထွက်ခဲ့တဲ့ထောင်ဖြစ်ပါတယ်။
ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းမယ်ဆိုပြီး စစ်တပ်က ခေါ်ထုတ်သွားပြီး သတ်ဖြတ်ခံရတာတွေဖြစ်ပွားခဲ့တာပါ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း( AAPP)ရဲ့ ဖော်ပြချက်အရ ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသား ၃၇ ဦး ပျောက်ဆုံးနေတယ်လို့သိရပါတယ်။