ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းက ဒိုယှက်စစ်ဘေးရှောင်စခန်းက လူထုတွေကို ဒီကနေ့ (စက်တင်ဘာ ၁ ရက်နေ့) မနက် ၁၀ နာရီအချိန်မှာ လူမှုအသင်းအဖွဲ့တစ်ခုက စားနပ်ရိက္ခာတွေ လာရောက်လှူဒါန်းပေးခဲ့ပါတယ်။
လာရောက်လှူဒါန်းပေးတဲ့ လူမှုအသင်းအဖွဲ့ကနေ တစ်အိမ်ထောင်ကို အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ၊ အားလူး၊ ငါးခြောက်စတာတွေအပါအဝင် ပစ္စည်း ၁၅ မျိုးကို ပေးလှူခဲ့ပါတယ်။
ဒိုယှက်စစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၅၀ ကျော်ရှိပြီး စုစုပေါင်း စစ်ရှောင် လူဦးရေ ၂၀၀ ကျော်ရှိနေပါတယ်။