ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းမှာရှိတဲ့ ဒိုးပရယ်အုပ်စုထဲက ဝှယ်သူတော်ကျေးရွာမှာ ကရင်နီတို့ရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို စက်တင်ဘာလ ၇ ရက်နေ့နဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ အကျဥ်းချုံး ပြုလုပ်သွားခဲ့ပါတယ်။
ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲဟာ တစ်နှစ်တစ်ကြိမ် ရိုးရာအရ အစဥ်အလာမပြတ် ပြုလုပ်ကြတဲ့ ပွဲတော်ဖြစ်ပါတယ်။ ရပ်နီးရပ်ဝေးက ဆွေမျိုး၊ ဧည့်သည်တော်တွေကို ဖိတ်ကြားပြီး ဧည့်ခံကြလေ့ရှိပါတယ်။
ဒေသတွင်း တိုက်ပွဲအခြေအနေတွေကြောင့် အဲ့ဒိုပေါ်မီပွဲတော်ကို ကျေးရွာတိုင်း မကျင်းပနိုင်တော့ပေမယ့် ရိုးရာဓလေ့ မပပျောက်အောင်နဲ့ နတ်ဆိုးဘေးအန္တာရယ်အမျိုးမျိုးမှ ကင်းရှင်းအောင် ပြုလုပ်ကြတယ်လို့ ဒေသခံရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။
ဖရူဆိုမြို့နယ်အတွင်းရှိ ဒိုးပရယ်အုပ်စုထဲက ဝှယ်သူတော်ကျေးရွာမှာတော့ ဒေသခံ ကရင်နီလူမျိုးတွေနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ စစ်ဘေးရှောင်တချို့ စုပေါင်းပြီး အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။