စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေပါမကျန် ပြည်သူတွေ ရွာလုံးကျွတ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာတော့ သိမ္ဘာကျေးရွာအတွင်းက နေအိမ်နွေကို ဝင်ရောက်မွှေနှောက်ကာ ပစ္စည်း တွေယူဆောင်တာတွေလုပ်နေတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီ စစ်ကြောင်းကြောင့် ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာ (၁၀) ရွာကျော်ထွက်ပြေး တိမ်းရှောင်နေရပြီး လူ(၁၀၀၀၀) ဝန်းကျင်ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါ တယ်။