စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရှိ ဆရာစံခန်းမ၌ ရောက်ရှိနေသည့် ဒဏ်ရာရစစ်ကောင်စီတပ်သားများအား မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း NUG (MOD)မှ ထုတ်ပြန်ကြေငြာခဲ့သည်။
စက်တင်ဘာ၂၈ နေ့လယ် ၃နာရီ ခန့်က ဒဏ်ရာရစစ်ကောင်စီတပ်သားများ နေထိုင်ရာ ဆရာစံခန်းမကို Fix Wing ဒရုန်းမောင်းသူမဲ့လေယာဉ်ငယ်များဖြင့် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ်(၁၄)တပ်ရင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အသိပေးခဲ့ပါသည်။
တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်သားများသည် ခလရ(၇၁)မှဖြစ်ပြီး ဆရာစံခန်းမအပြင် ကုန်းသာဦးကျောင်းနှင့် စာသင်ကျောင်းဘက်၌လည်း နေရာချထားကြောင်း People’s Defense Comrade အဖွဲ့က အသိပေးသည်။
“ညဘက် လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေလို့ လက်နက်ကြီး အန္တရာယ်လည်းရှိနေတယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကြောင်းကြောင့် ဒီပဲယင်းမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာအချို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။