စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင် စီ တပ်သားများမှာ ၎င်းတို့၏ စခန်းများအတွင်း၌သာ နေထိုင်နေကြရကြောင်း အဖြူရောင်ဒီပဲယင်းပကဖ ခေါင်းဆောင် က ပြောကြားသည်။
ဒီပဲယင်းမြို့ရှိ ရုံးဌာနအားလုံးနီးပါးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်း ချုပ် ထားပြီး စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများလည်း မရှိတော့ ကြောင်း၊ စစ်ကောင်စီတပ်သားများမှာ ရဲစခန်း ၊ စခန်းတပ်စခန်းများ ၌သာ နေထိုင် ကြရကြောင်း သိရသည်။
“စစ်ခွေးတွေက ရဲစခန်းဝန်းကျင်က ဌာနဆိုင်ရာရုံးကျမှာပေါ့၊ ထွေအုပ်ရုံး နဲ့အထက ကျောင်းထဲမှာပဲရှိ တော့တာ၊ တခြားနေရာတွေ မရှိတော့ဘူး၊ ဂိတ် တွေ လည်းမရှိတော့ဘူး။ ဌာနဆိုင်ရာရုံးတွေမှာလည်း စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းတွေမရှိတော့ဘူး။ မြို့ရဲ့ ၃ ပုံရင် ၂ ပုံလောက်ကတော့ သူတို့မနေ တော့ ဘူး၊ စခန်းထဲမှာပဲ နေတော့တာ၊ စခန်းမှာလည်း ပျူရောပေါင်းမှ ၁၀၀ လောက် ပဲရှိတော့တာ” ဟု အဖြူရောင်ဒီပဲယင်းပကဖ ခေါင်းဆောင် က ပြောကြား သည်။
စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရိက္ခာများ ဖြတ် တောက်ထားပြီး မြို့အဝင်၊ အထွက်စစ်ရေးဂိတ်များကို၊ မြို့တွင်း ဂိတ်များ ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောက်ကျားတိုက်ခိုက်မှုများရှိပြီး ၎င်းတို့စခန်းအနီးဝန်းကျင်များကို တပ်ဆုတ်နေရကြောင်း သိရ သည်။