စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၅ နာရီအချိန်မှ စတင်ပြီး ဒီပဲယင်းမြို့နယ်၊ ကျေး ရွာ များသို့ စစ်ကြောင်းထိုးလာကြောင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မဲအိုး ကျေး ရွာ၊ လက်ယက်ကုန်းကျေးရွာ၊ ညောင်လှကျေးရွာ၊ ညောင်ကြီးကုန်း ကျေး ရွာ တို့ဆီသို့ ဦးတည်၍ စစ်တပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရှိရ သည်။
“မဲအိုးရွာကို စဝင်တယ်။ အလစ်အငိုက် ဝင်တာဆိုတော့ ရွာသားတွေ အဖမ်းခံ ရတာ ရှိတယ်။ အဖမ်းခံရတဲ့ အရေအတွက်ကတော့ အတိကျမသိရသေးဘူး။ သူတို့က ရွာရဲ့မြောက်ဘက်ကနေဝင်လာတာ။ အခု မွန်းတည့် ၁၂ နာရီ အချိန် မှာတော့ စစ်ကောင်စီတပ်တွေက တပ်ဖြန့်၊တပ်ခွဲပြီးညောင်ကြီးကုန်း၊ လက် ယက်ကုန်းရွာတွေဆီ ဝင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။
စစ်တပ်က ကျေးရွာများသို့ ဝင်ရောက်စီးနင်းစဉ် အဖိုးတန်ပစ္စည်းများ လုယက် ခြင်း၊ နေအိမ်များကို ဖျက်ဆီးမီးရှို့ခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း၊ လတ်တ လော ကျေးရွာများကိုလည်း ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးမှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် အောင်ချမ်းသာ၊ရွာရှည်၊ မဲအိုး၊ မူးခံတွင်း ၊လက်ယက်ကုန်း၊ညောင်လှ၊သရက်တော အပါအဝင် စုစုပေါင်း ကျေးရွာ ၇ ခုမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။