စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပအဖ အဖွဲ့ဝင် နယ်မြေအားလုံးရဲ့ မြေပြင် ကွင်းဆင်းဆောင်ရွက်နေတဲ့ လုပ်ငန်းအခြေအနေတွေကို ဒီနေ့မှာ မှတ်တမ်းနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
ဒီပဲယင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ဒေသတွင်း ဆည်မြောင်း၊ လမ်း၊ လျှပ်စစ်၊ စိုက်ပျိုးရေး၊ ပြည်သူ့ရေးရာ အမှုကိစ္စဖြေရှင်းမှုတွေ ၊ အုပ်ချုပ်ရေးတည်ဆောက်မှု ၊ စစ်ရှောင်ကူညီရေး လုပ်ငန်းစဥ်တွေကို ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး အမြန်ဆုံး လွတ်လပ် ပျော်ရွှင်နိုင်ကြပါစေလို့လည်း မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ဆုမွန် ကောင်းတောင်းပေးထားပါတယ်။