စစ်ကိုင်းတိုင်း ဒီပဲယင်းမြိုနယ် အနောက်ခြမ်းမှာ အင်အား(၁၃၀)လောက်နဲ့ စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စုဟာ (၁၁)ရက်တာအတွင်း ပြည်သူ ရှစ်ဦးနဲ့ ကာကွယ်ရေး အဖွဲဝင် – ပကဖ လေးဦး စုစုပေါင်း (၁၂)ဦးကို ဦးခေါင်းနဲ့ ခြေလက်တွေ ပိုင်းဖြတ်ကာ သတ်ဖြတ်သွားတယ်လို သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရေဦးမြိုပေါ် တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ စစ်အုပ်စုဟာ နယ်မြေချင်း ထိစပ်နေတဲ့ ဒီပဲယင်းမြိုနယ် အနောက်ခြမ်း တစ်ခြမ်းလုံးကို အောက်တိုဘာ(၂၁)ရက်က စတင်ပြီး ရွာစဉ်လှည့် စစ်ကြောင်းထိုး သတ်ဖြတ်သလို ပြည်သူ (၂၁)ဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို ဆိုပါတယ်။
ဒီပဲယင်းမြိုနယ်မှာ စစ်အုပ်စုက (၁၁)ရက်တာလုံး ပြည်သူတွေကို သတ်ဖြတ်၊ ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး စစ်ရှောင်အရေး ကူညီနေတဲ့ ဒီပဲယင်းမြိုနယ် ညီနောင်များအဖွဲက တာဝန်ရှိသူတစ်ဦးကို ဆက်သွယ် မေးမြန်းထားပါတယ်။