ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်အတွင်းတွင် ယနေ့ နံနက်အစောပိုင်း စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံး ၄ ကြိမ်ထက်မနည်းကျဲချကြောင်း ကရင်နီဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။
ဩဂုတ်လ ၃၁ ရက်နေ့ နေပြည်တော် လေတပ် မှ တက်လာသော တိုက်လေ ယာဉ် ၄ စီးက ကရင်နီပြည်နယ် ဒီမော့ဆိုမြို နေရာများသို
နံနက် ၄ နာရီ ၁၅ မိနစ်၊ နံနက် ၄ နာရီ ၂၄ မိနစ်၊ နံနက် ၄ နာရီ ၂၇ မိနစ်၊ နှင့် နံနက် ၄ နာရီ ၃၉ မိနစ်တိုတွင် ဗုံးများ ကျဲချခဲ့ကြောင်း သိရှိရသည်။
“ယနေ့မနက် ၄ နာရီ ၁၅ မိနစ် အချိန် ကရင်နီပြည် ဒီးမော့ဆို အနောက်ဘက်ခြမ်း စစ်ဘေးရှောင်တွေရဲ့ ကပ်ရပ် ပေ ၃၀ အနီးမှာ တိုက် လေယာဥ်နဲ့ သုံးကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ပါတယ် ။ အဆိုပါ ဗုံးတွေထဲမှာ တစ်လုံးက မပေါက်ကွဲဘဲ တွေ့ရှိခဲ့ရတယ်” ဟု 𝐤𝐚𝐦𝐋𝐚𝐚𝐭-𝐊𝐚𝐲𝐚𝐡 𝐈𝐃𝐏𝐬 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐍𝐞𝐭𝐰𝐨𝐫𝐤က ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူထိခိုက်ပျက်စီးမှု အခြေအနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။