ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် နေအိမ် ၅ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။
မေလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့် အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ်ရှိ ဒေါလျားခူကျေးရွာနှင့် ဖဲလျား ကျေးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေါလျားခူကျေးရွာနှင့် ဖဲလျား ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၅ လုံးအပါအဝင် စာသင်ကျောင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။