ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်တစ်လုံးကို အကြမ်း ဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက်အစောပိုင်းမှ စတင်၍ အဆိုပါနေအိမ်အား အကြမ်းဖက်စစ်တပ်က မီးရှို့နေခြင်းဖြစ်ပြီး နံနက် ၉ နာရီအထိ မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ခဲ့ရကြရကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ တနီးလာလဲကျေးရွာအတွင်းနှင့် တောင်ပေါ်တကြောတို့၌ အ ကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသည်မှာ လပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး လက်ရှိ အချိန်ထိ အထိုင်ချတပ်စွဲထားခြင်းဖြစ်ကြောင်း၊ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများ၏ အိုးအိမ်များကို အကြမ်းဖက်စစ်တပ်က တစ်ဖက်သတ် ဖျက်ဆီး ၊ မီးရှို့ခြင်းများကို မကြာခန လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။