ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ၈လေးလုံး အထိမ်းအမှတ်အခမ်းအနားတစ်ခုကို ကရင်နီရောက်ကျောင်းသားသမဂ္ဂများ ယာယီအင်အားစုကနေ ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
“ရည်ရွယ်ချက်ကတော့ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ကျွန်နော်တို့ သမိုင်းကိုမမေ့ဖို့ပါဘဲ။ ဘာလို့လဲဆိုတော့ စစ်အုပ်စုတွေက သမိုင်းအမှားတွေ အလိမ်အညာတွေနဲ့ဘဲ ကျနော်တို့ဆီကိုအမြဲတမ်းချပြခဲ့ပါတယ်။ သီချင်းတွေ စာပေတွေ ရုပ်ရှင်တွေ နယ်ပယ်ပေါင်းစုံကနေ သမိုင်းအမှားတွေကို ဝါဒဖြန့်ခဲ့ပါတယ်။ အဲ့ဒီသမိုင်းအမှားတွေ ဝါဒဖြန်တာတွေကို ကျွန်တော်တို့နားမယောင်ဖို့၊ ပြီးတော့ နောင်လာနောင်သားတွေသမိုင်းအမှန်ကိုသိရှိလာဖို့၊ ကျွန်နော်တို့ကျင်းပရခြင်းဖြစ်တယ်။ ဒုတိယအချက်ကတော့ ကျနော်တို့ မျိုးဆက်ဆုံးရှုံးခဲ့ရတဲ့ဘဝတွေ ရရှိခဲ့တဲ့အသီးအပွင့်တွေ ပြန်လည်အောက်မေ့သတိရခြင်းဖြစ်တယ်။” လို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
အဲဒီအခမ်းအနားမှာ ၈ လေးလုံးအရအခင်းမှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို သတိယအောက်မေ့အလေးပြုတာ၊ သမဂ္ဂအသီးသီးက ပေးပို့လာတဲ့ သဝန်လွှာေတွကိုဖတ်ကြားတာ၊ ၈လေးလုံးသမိုင်းကြောင်းနဲ့ အတွေ့အကြုံေတွကိုပြောကြားတာ၊ တော်လှန်ရေးသီချင်းေတွနဲ့ ကဗျာေတွကိုရွတ်ဆိုတာတွေပြုလုပ်ခဲ့ပါတယ်။