ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာမှာ မနေ့က ဒီဇင်ဘာလ ၂၂ရက်နေ့မှာ ရိုးရာဌက်လိုက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ ကျေးရွာကဒေသခံတွေဟာ စစ်ရှောင်နေကြပေမဲ့ ရိုးရာအရ ငှက်လိုက်ပွဲကို ကျင်းပပြုလုပ်ရမယ့် အချိန်အခါ ရောက်ရှိလာပြိီဖြစ်တာကြောင့် ကျေးရွာကိုပြန်လာပြီး ရိုးရာဓလေ့ မပပျောက်ဖို့အတွက် ငှက်လိုက်ပွဲကို ကျင်းပကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၃ မတ်လပိုင်းကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။
စစ်ကောင်စီရဲ့ လက်နက်ကြီး နဲ့ လေကြောင်းပစ်ခတ်မှာကို စိုးရိမ်တာကြောင့် လက်ရှိအချိန်ထိ ဒေသခံစစ်ရှောင်တွေဟာ ပြန်လည်နေထိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။