စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုများနှင့် ဒေသခံ ပြည်သူလူထုများ အတူပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ယနေ့ (ဇွန်လ ၂၀)ညနေပိုင်းက ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြပြည်သူများက “ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” စာသားကို ကိုင်ဆောင်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြပြီး ဦးဆောင်သူတို့က သပိတ်တရား ဟောကြားမှုပြုလုပ်ခဲ့သည်။
ယင်းဆန္ဒပြသပိတ်စစ်ကြောင်းကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပါဝင်ခဲ့ပြီး အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အရတ ပကဖ)တို့က လုံခြုံရေးအဖြစ် လိုက်ပါဝန်းရံခဲ့သည်။