စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာလူထုသပိတ်စစ်ကြောင်းကို ယနေ့ (ဇူလိုင် ၂၀) နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။
ယင်းသပိတ်တွင် ဆန္ဒပြပြည်သူများက “အာဇာနည်မျိုး ဘယ်တော့မှမသေ” ဘန်နာ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပြီး ကျဆုံးအာဇာနည် သူရဲကောင်းများအတွက် ဂုဏ်ပြုအလေးပြုခြင်းကိုလည်း ပြုလုပ်ခဲ့ကြသည်။
အဆိုပါသပိတ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေး နဂါးညီနောင်အဖွဲမှ ရဲဘော်များက လုံခြုံရေးအဖြစ် လိုက်ပါဝန်းရံပေးခဲ့သည်။