အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် အမေရိကန်ပြည်ထောင်စု သို့ ရောက်ရှိနေပြီး ဇူလိူင်လ ၁၁ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် စက်ကရက်မက်တို မြို့ အနီးတဝှိုက် မြန်မာမိသားစုများနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ တွေ့
ဆွေးနွေးပွဲကို Free Burma Action Committee- Sacramento မှ ဦးဆောင်ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ” တော်လှန်ရေးသည်ပြည်သူ့တော်လှန်ရေးဖြစ်ပြီး၊ ပြည်သူကိုအကာအကွယ်ပေးခြင်းနှင့်ထောက်ပံ့ကူညီခြင်းကို မဖြစ်မနေဆောင်ရွက်ပေးရန်မှာ ပြည်သူ့အစိုးရနှင့်ပြည်သူတို့၏တာဝန်ဖြစ်ကြောင်း၊ သို့မှသာပြည်သူများကတော်လှန်ရေးတွင်အပြည့်အဝပါဝင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ထောက်ပံ့နိုင်ရန် MOPFI နှင့် MOHADM တို့ပူးပေါင်းဆောင်ရွက်နေသည့် စစ်အာဏာရှင်ကျဆုံးရေးနှင့် အညာမြေကူညီရေး Campaign များတွင် အားထည့်ကူညီကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
ဆွေးနွေးပွဲအပြီး အခမ်းအနားတက်ရောက်လာသူ မြန်မာမိသားစုများမှ မြန်မာပြည်တွင်း အိုအိမ်စွန့်ခွါထွက်ပြေး အတိဒုက္ခရောက်နေသူများအား ကူညီနိုင်ရန် အမေရိကန်ဒေါ်လာ ၁၀၆၀၀ နှင့်အတူ ရွှေငွေလက်ဝတ်ရတနာများ လှူဒါန်းပေးအပ်ခဲ့သည်။
ယင်းအလှူပစ္စည်းများကို မြန်မာပြည်တွင်း တွင် ဒုက္ခရောက်နေသူ ဒုက္ခသည်များထံ တိုက်ရိုက်ရောက်ရှိရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုဆိုသည်။