ကရင်နီပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆို လမ်းမကြီးပေါ်က ဒေါညေးခူ-ထီးပေါ့ဆိုကျေးရွာ လမ်းပိုင်းမှာ တိုက်ပွဲ ဖြစ်နေတာကြောင့် ပြည်သူတွေ လမ်းအသုံးမပြုကြဖို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF က ဒီနေ့ ဩဂုတ်လ ၂ ရက်မှာ မေတ္တာရပ်ခံ ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ မနက်ပိုင်းက စပြီး စစ်ကောင်စီတပ်က ဖရူဆို ကို ဦးတည် စစ်ကြောင်းထိုးလာတာကြောင့် ကရင်နီ တော်လှန်ရေး အင်အားစုတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
ဒီလို စစ်ရေး အခြေအနေတွေကြောင့် ဒေါညင်းခူ-ထီးပေါ့ဆိုကျေးရွာ လမ်းပိုင်းကို KNDF အနေနဲ့ ယာယီ ပိတ်ထားမှာဖြစ်ပြီး ပြည်သူတွေ လုံး၀ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။