ကရင်ပြည်နယ်၊ရေးမြို့နယ် အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) ဒေါနစစ်ကြောင်းမှရဲဘော်များက ဒေသ ခံပြည်သူများအား လိုက်လံတွေ့ဆုံခဲ့တယ်လို့ Dawna Column မှ ဒီနေ့ ရက်စွဲနဲ့ အသိပေး ဖော်ပြထားပါတယ်။
ဒေါနစစ်ကြောင်းက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဒေသခံ ပြည်သူများအား လိုက်လံတွေ့ဆုံကာ၊ တိုက်ပွဲဖြစ်ပွားလာရင် တော်လှန်ရေး တပ်ဖွဲ့ များမှ အရေးပေါ်ထုတ်ပြန်ထားတဲ့ သတိပေးချက်များကို လိုက်နာ ပေး ကြဖို့ သတင်းစကားများ ပါးခဲ့တယ်လို့ ပြောပါတယ်။
ဒေါနစစ်ကြောင်းရဲ့ စိုးမိုးနယ်မြေအတွင်းမှာ ရှိတဲ့ ဒေသခံ ပြည်သူ များရဲ့ စားသောက်ရေး၊ကျန်းမာရေးအခြေအနေများကို စဥ်ဆက် မပြတ်သွားရောက်မေးမြန်းကာ၊ ပြည်သူလူထုရဲ့ ထောက်ပံ့မှုတွေ ထဲက တချို့တဝက်ကို ချွေတာသုံးစွဲပြီး၊ခွဲဝေ ကူညီပေးနေတယ်လို့ ဒေါနစစ်ကြောင်းမှ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ ကော့ကရိတ်မြို့နယ် ၁၅ ရက်တာတိုက်ပွဲအတွင်း အာရှလမ်းမကြီး ပေါ်မှာ ပိတ်မိနေတဲ့ ခရီးသွားပြည်သူများအား စားနပ်ရိက္ခာ နဲ့ စာအုပ်များကို ဒေါန စစ်ကြောင်းမှ သွားရောက် ထောက်ပံ့ ပေးခဲ့ပါသေးတယ်။