ဒေါနစစ်ကြောင်းရဲ့ ဆက်သွယ်ရေး “Network” တည်ဆောက်ဖို့အတွက် “နိုင်မယ့်ပွဲ ” ကျပ်သိန်း ၁၂၀၀ ကမ်ပိန်းလေးမှာ ပါဝင်ပေးကြဖို့ ဒေါန စစ်ကြောင်းက ဖိတ်ခေါ်ထားပါတယ်။
မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေရဲ့ အသက်ကာကွယ်နိုင်ဖို့ ၊စစ်ဆင်ရေးတိုင် အသာစီးရပြီး ၊အောင်ပွဲဝင်နိုင်ဖို့အတွက် ဆက်သွယ်ရေး Network တစ်ခုတည်ဆောက်ဖို့ကိစ္စမှာ မြေပြင်အကွာအဝေး ၊ ပထဝီအနေအထား ၊ ရာသီဥတု အခြေအနေ နဲ့ ကိုက်ညီ၊ စံမှီတဲ့ ဆက်သွယ်ရေးစက် ၊ အထောက်အကူ ကိရိယာတွေ လုံးဝနီးပါးမရှိဘူးဖြစ်နေတာကြောင့် ၊ ဒေါနစစ်ကြောင်း၊ ဆက်သွယ်ရေး “Network” တည်ဆောက်ဖို့အတွက် အောက်တိုဘာ ၁ရက်နေ့ကနေ နိုင်ဝင်ဘာ ၇ ရက်နေ့အထိ “နိုင်မယ့်ပွဲ “အမည်လေးနဲ့ ပြုလုပ်မယ့် ကမ်ပိန်လေးမှာ ဆက်သွယ်ရေးစက်ကလေးတွေဝယ်ယူဖို့ ဝိုင်းဝန်းလှူဒါန်းကူညီပေးကြဖို့ ဖိတ်ခေါ်လိုက်တာပါ။
” ဒီအချိန်ဟာ တော်လှန်ရေးအရှိန်အဟုန်ပြင်းပြင်းနဲ့ တော်လှန်တိုက်စစ်ဖွင့်နေတဲ့အချိန်ဖြစ်လို့ စစ်ဆင်ရေးတစ်ခု အောင်မြင်ဖို့ စစ်မြေပြင်မှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်များအတွက် တိကျမြန်ဆန်တဲ့ သတင်းအချက်အလက်တွေ အချိန်မီရရှိပြီး မလိုလားအပ်တဲ့ အသက်သေဆုံးရခြင်းတွေကို ကာကွယ်ဖို့ ” လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ၊ စစ်ဆင်ရေးညွှန်ကြားဆောင်ရွက်ရာမှာ အချိန်နဲ့တပြေးညီ လုံလုံခြုံခြုံတိတိကျကျ ကွပ်ကဲနိုင်ဖို့အတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေး Network တည်ဆောက်ဖို့ဖြစ်ပါတယ်လို့ ဆိုပါတယ်။
ကမ်းပိန်းအတွက် ပါဝင်အားဖြည့်လိုသူတွေအနနဲ့ https://m.facebook.com/story.php?story_fbid=122108077424052216&id=61551566496326&mibextid=Nif5oz မှာ ပါဝင် ပါဝင်လှူဒါန်းနိုင်ပါတယ်။