ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ ဒေါနစစ်ကြောင်းရဲ့ အခြေခံစစ်ပညာသင်တန်းအပါတ်စဥ် (၈) သင်တန်းဆင်းပွဲအခမ်းအနားကို ကရင်ပြည်နယ် လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး တော်လှန်ရေးအပေါ် ဒီနေ့ အချိန်ထိ စိတ်ဓာတ်တက်ကြွမှုကြောင့် ဝင်ရောက်လာတဲ့ တော်လှန်ရေး တပ်သားစစ်ကြောင်းရဲ့ ရဲဘော်၊ရဲမေတွေအဖြစ် သင်တန်းပို့ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သင်တန်းဆင်းပွဲအပြီးမှာ ရဲဘော်တွေကို တပ်ရင်းကုတ် ကိုယ်ပိုင်အမှတ်ပေးခဲ့ပြီး ဒေါနစစ်ကြောင်းက ပေးအပ်နဲ့ တာဝန်တွေကို အခုအချိန်မှာ ထမ်းဆောင်နေကြပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သင်တန်းဆင်းရဲဘော်တွေက စစ်ကြောင်းနဲ့ ပြည်သူလူထုအတွက် ခွန်အားဖြစ်တယ်လို့ ဆိုပါတယ်။