ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်သို့ ရောက်ရှိသောစစ်သားများ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို စွန့်ခွာပြီး လာရောက် လက်နက်အပ်ကာ ပူးပေါင်းကြရန် KNLA ဗဟိုဌာနချုပ် ထုတ်ပြန်ဖိတ်ခေါ်လိုက်သည်။
ယနေ့ ဇူလိုင်လ ၅ ရက်နေ့စွဲဖြင့် KNLA ဗဟိုဌာနချုပ်က ထုတ်ပြန်သော ဖိတ်ခေါ်စာတွင် မိမိဆန္ဒမပါပဲ အောင်ဇေယျစစ်ဆင်ရေးနှင့်အတူ ဒေါနတောင်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များ အနေ ဖြင့် ကျည်ဖြုတ်ထားသော သေနတ် ပြောင်းကို မြေကြီးအောက်သို့ စိုက်၍ နောက်ကျောတွင် လွယ် ကာ လက်ဗလာဖြင့် ရောက်ရှိနေသည့် နေရာကို စွန့်ခွာပြီး KNLA ရှေ့တန်းတပ်ဖွဲ့ထံ လာရောက် ပူး ပေါင်းကြရန် ဖြစ်ကြောင်း အသိပေးထားသည်။
ထိုသို့ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်များကို နိုင်ငံတကာ ဥပဒေစံနှုန်းများနှင့်အညီ အသက်ရှင်ခွင့် ရရှိမည်ဖြစ်ပြီး KNLA တပ်မတော်ထံသို့ လာရောက်ကာ လက်နက်အပ်နှံခြင်းက အသက်ရှင်ခွင့်ရမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
ထို့ပြင် KNLA က အောင်ဇေယျာစစ်ကြောင်း၏ နောက်တန်းကို ယနေ့တွင် ဝင်ရောက်တိုက်ခိုက်ပြီး အောင်ဇေယျစစ်ဆင်ရေးအားအစွမ်းကုန်ရိုက်ချိုးသွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။