နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံအမှတ် ၅၄ လေလံကိစ္စမှာ အဓိကပါဝင်လုပ်ဆောင်ပေးနေတဲ့ ဗဟန်းစည်ပင်ရုံးနဲ့ ထွေအုပ်ရုံးဟောင်းကို ဒီနေ့မနက် အစောပိုင်း ၄ နာရီဝန်းကျင်ခန့်မှာ အဝေးထိန်းမိုင်းနဲ့ တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန် ပကဖ (အထူးတပ်ဖွဲ့) ရဲ့ တာဝန်ရှိသူတစ််ဦးက ပြောပါတယ်။
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းနဲ့ ကုက္ကိုင်းရိပ်သာလမ်းထောင့်ရှိ ဗဟန်းထွေအုပ်ရုံးဟောင်းမှာ တပ်စွဲထားတဲ အကြမ်းဖက်စစ်သားတွေနဲ့ ရဲတွေ ၊ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ဗဟန်းစည်ပင်ရုံးတို့ကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ၎င်းက ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဘန်ကာမှာ ကင်းစောင့်နေတဲ့ အကြမ်းဖက် ရဲ နှစ်ဦး ပွဲချင်းပြီး သေဆုံး ခဲ့သလို အိပ်ပျော်နေတဲ့ အကြမ်းဖက်စစ်သားတွေ ၊ ရဲတွေလည်း အများအပြား ဒဏ်ရာပြင်းပြင်း ထန်ထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
“လုံခြုံရေးလှည့်ပြီးပြန်ဝင်လာချိန်နဲ့ အချိန်ကိုက်ဖြစ်သွားလို့ အထိနာခဲ့ကြောင်း၊ မနက် ၄နာရီခွဲ လောက် စစ်ကား၊ လူနာတင်ကားများ လမ်းမပေါ် အများကြီးသွားနေကြောင်း အနီးပတ်ဝန်း ကျင်ကနေ တဆင့်ကြားသိရ” လို့ ရန်ကုန် ပကဖ (အထူးတပ်ဖွဲ့) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
အကြမ်းဖက်စစ်သားနဲ့ ရဲ တွေရဲ့ သေဆုံးနဲ့ ထိခိုက်မှုရှိတဲ့ အသေးစိတ်စာရင်းကိုတော့ မသိရသေး ပေမဲ့ အထိနာတဲ့ စစ်ဆင်ရေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ယခုတိုက်ခိုက်မှုက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင် ပါဝါ ၅၄ ခြံလေလံ ကိစ္စမြေပုံ၊ မြေရာဇဝင်များအတွက် အဓိကဇာတ်ကောင် အဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ဗဟန်းစည်ပင်ကို ပြင်းထန်သော အရေးယူမှု ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
ပြည်သူလူထုနဲ့ ဆန်ကျင်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေသူ အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်တွေကို ရန်ကုန်တိုင်း ပကဖက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ ပိုမိုပြင်းထန်တဲ့ အရေးယူ တိုက်ခိုက်မှုတွေ ကို စနစ်တကျ လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ကိစ္စကို အထူးအလေးပေးလုပ်ဆောင်နေ တဲ့ အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ဝန်ထမ်းတွေ ၊ ထွေအုပ် ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လက်ဝေခံထောက်တိုင်တွေကို သတိထားနေကြဖို့အတွက်လည်း ရန်ကုန်တိုင်း ပကဖ က ပြင်းထန်စွာ အသိပေးထားပါတယ်။