နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၄)ရဲစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“စကစမှ အစစ်ဆေးများ ကင်းပုန်းများ အထပ်ထပ်ချထားသည့်ကြားမှ လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းဆုကြည် (၇၈)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ အထိခိုက်အသေဆုံးရှိနိုင်ပြီး အသေးစိတ်ကို အတည်ပြုဆဲဖြစ်ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါမစ်ရှင်ကို ယနေ့(ဇွန်လ ၁၉ရက်) ည ၈နာရီခန့်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်းတာဝန်ရှိသူက ဆိုသည်။
No More Dictatorship People Defence Force – NMD အဖွဲ့သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး စစ်ဆင်ရေးများပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ပြည်သူများဘက်မှ ထောက်ပံ့မှုများပြုလုပ်ပေးရန်တောင်းဆိုထားသည်။