ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့အမှတ်တရ အနေနဲ့ မင်းကိုနိုင်ရဲ့ဝေမြဲနှင်းဆီ ကဗျာကို သီချင်းအနေနဲ့ ဖန်တီးထားတယ်လို ဒါရိုက်တာ ကိုပေါက်က အသိပေးထားပါတယ်။
ဝေမြဲနှင်းဆီ ကဗျာကို မင်းကိုနိုင်က ၂၀၁၆ ဇွန် ၁၉ မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် ဂုဏ်ပြုရေးသားထားခဲ့တာပါ။
အဲဒီ့ကဗျာကို သီချင်းအနေနဲ့ ဖန်တီးခဲ့တာဖြစ်ပြီး ကိုပေါက်က သံစဉ်ထည့်ကာ မင်းမော်ကွန်းက သီဆိုပေးထားပါတယ်။
“အမေစုကိုဂုဏ်ပြုဖို့အတွက် ၂၀၂၁ (၅)လပိုင်း ရန်ကုန်မှာ ဝရမ်းပြေး ဘဝနဲ့ မိတ်ဆွေတစ်ယောက်ရဲ့၁၀ပေပတ်လည် အခန်းထဲမှာ ရေးခဲ့တဲ့ သီချင်းလေးပါ ” လို့ သီချင်းဖန်တီးမှု အမှတ်တရကို ကိုပေါက်ကပြောပါတယ်။
ဇွန် ၁၅ ရက်မှာတော့ ဒီသီချင်းရဲ့ Lyrics Video ကို ကိုပေါက်ရဲ့ ယူကျူ့ချန်နယ်မှာတင်ခဲ့ပြီး Music Video ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မှာ ကြည့်ရှုခွင့်ရမယ်လို့ ကိုပေါက်က အသိပေးထားပါတယ်။