ဝါဆိုလပြည့်နေ့မှာ တောင်ပိုင်းတိုင်းစစ်ဒေသ ကွပ်ကဲရေး၊ အမှတ် (၃) စစ်ဒေသခွဲ၊နဂါးနီစစ်ကြောင်း တပ်ဖွဲ့ဝင် မိသားစုများမှ သံဃာတော် အရှင်သူမြတ်များအား ပင့်ဖိတ်ပြီး ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီတိုက်ပွဲအတွင်း မြင့်မြတ်စွာ အသက်ပေးလှူ သွားခဲ့တဲ့ ရဲဘော်များအတွက် ရည်စူးပြီး အမျှပေးဝေ ကုသိုလ်ပြုခဲ့ကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက တော်လှန်ရေး နယ်မြေ တစ်နေရာတွင် သြဂုတ် ၁ ရက် လမြတ်ဝါဆိုအဖြစ် အလှူဒါန ပြုလုပ်ခဲ့ကြပြီး၊ အလှူပွဲ ဖြစ်မြောက်အောင် ဝိုင်းဝန်း ကူညီပေးခဲ့ကြတဲ့ အလှူရှင်များ၊ ဒေသခံ ပြည်သူများ၊ ရဲဘော် များအား ကျေးဇူးအထူးတင် ဂုဏ်ပြုလျက် ပြည်သူအပေါင်း သာဓု ခေါ်နိုင်ရန် အလှူမင်္ဂလာပွဲအဖြစ် သတင်းထုတ်ပြန် တင်ပြထားပါတယ်။