အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ (၃)ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဂါးနီစစ်ကြောင်းမှ ရဲဘော်များအား ဆက်သွယ်ရေး အခြေခံ နဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ NUG ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်မှ မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဆက်သွယ်ရေး အခြေခံ မွမ်းမံသင်တန်းဆင်းပွဲကို မတ်လ ၁၀ ရက်နေ့မှာ နဂါးနီစစ်ကြောင်း တပ်ရင်းနယ်မြေမှာ ပြုလုပ်ခဲ့တာဖြစ် တယ်လို့ အသိပေးပါတယ်။
အဆိုပါ သင်တန်းကို အွန်းလိုင်း နဲ့ မြေပြင် ပေါင်းစပ် သင်ကြားပို့ချ ပေးခဲ့တာဖြစ်ပြီး၊ ဆက်သွယ်ရေးအခြေခံ သင်တန်းသား ၃၀ ဦး နဲ့ မွမ်းမံသင်တန်းသား ၈ ဦးတို့ကို တက်ရောက်သင်ယူနိုင်ခဲ့ရာ၊ သင်တန်းပြီးဆုံး အောင်မြင်ခဲ့တယ်လို့ ပြည်သူ့စစ်ရုံးချုပ်မှာ ဖော်ပြထားပါတယ်။