ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ စန်းကြီးကျေးရွာမှ ထွက်ခွာ လာ သော စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက် ခဲ့ကြောင်း MRF – Nattalin ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့က အင်အား ၃၃ ဦးခန့်ဖြင့် နတ်တလင်းမြို့နယ်၊ စမ်းကြီးဝကျေးရွာမှ ထွက် ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ MRF – Nattalin နှင့် တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့တို့ပူးပေါင်းပြီး မိုင်း ၂ လုံးဆက်တိုက်ဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်း နေဆဲဖြစ် ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အတွင်းနေမိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုနှင့်အတူ သွားလာ နေထိုင်ခြင်း၊ လက်ခံ ကျွေးမွေးခြင်း၊ လမ်းပြခြင်း၊ အကြမ်းဖက်စစ်အုပ်စု ထောက်တိုင်များနှင့် ပူးပေါင်း နေထိုင်ခြင်းတို့ မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။