မကွေးတိုင်း နတ်မောက်မြိုနားထိကပ်ခါ စစ်ကောင်စီစစ်ဆေးရေးဂိတ်နားအထိ PDF တွေလက်နက်ကိုင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
နတ်မောက်မြိုနဲ့ ၃မိုင်လောက်ဝေးတဲ့ သမှုန်းကုန်းရွာ ကမ်းပျိုရွာကြီးတွေရဲ့ ကားလမ်းမအတိုင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ၁ တပ်ရင်း ၉၀၃ ဂဠုန်တပ်(နတ်မောက်) တပ်ဖွဲဝင်တွေ ဆန္ဒပြခဲ့ကြတာပါ။
ဇန်နဝါရီ ၂၅ ရက်မှာ အင်အား ၅၀ ဝန်းကျင်ပါတဲ့ ဂဠုန်တပ်ရဲဘော်တွေက ကား ၂စီးနဲ့ နိုင်ငံအာဏာပြန်လွှဖိုအပါအဝင် ဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖိုတွေ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတာလို ဂဠုန်တပ်(နတ်မောက်) တပ်ခွဲမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။
“ကျနော်တို လက်နက်ကိုင်အဖွဲအစည်းပဲပြခဲ့တာ။ ပြည်သူခေါ်လိုမသင့်လိုပါ။ သမှုန်းကုန်းရွာအကျော်မှာ စစ်တပ်ဂိတ်ရှိတယ်။ စစ်တပ်ဂိတ်နားအထိကို ကျနော်တိုသွားပြတာ။ တကယ်လို ဂိတ်ကတွေ့သွားရင်လည်း ကျနော်တိုပစ်ခတ်လိုရအောင် ကားနဲ့သွားတာ” လို တပ်ခွဲမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေရှိနေတဲ့ ကုလားရှင်စစ်ဆေးရေးဂိတ်နားက ရွာအထိ လက်နက်ကိုင်ပြီး ဆန္ဒသွားပြနိုင်ခဲ့တာဖြစ်တယ်လို ဗိုလ်အောင်ဒင်က ဆက်ပြောပါတယ်။
“ကျနော်တိုက မြိုအထိကပ်နေပြီ။ ကျနော်တိုနဲ့ ထိပ်တိုက်တွေ့ဖို သူတိုမှာရင်မဆိုင်ရဲဘူး။ အခုကျနော်တို ဆန္ဒပြတဲ့နေရာကို သူတိုသိတယ်။ ဆန္ဒပြမှန်းလည်းသိတယ်။ သူတိုလာပြီးတော့ မတိုက်ခိုက်ရဲဘူး။ လို ဆိုပါတယ်။
နတ်မောက်မြိုပေါ်မှာ ကုလားရှင်ဂိတ်အပါအဝင် စစ်ဆေးရေးဂိတ် ၂ခုရှိပြီး ဂဠုန်တပ်(နတ်မောက်) အနေနဲ့ ကုလားရှင်ဂိတ်ကို လက်နက်ကြီးနဲ့ တက်ပစ်ခဲ့ဖူးတယ်လို သိရပါတယ်။