မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကျောက်အိုးရွာနဲ့ သပွတ်ပင်ရွာကြားမှာ Canter ကားနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရလို့ ၁၄ ဦးခန့်သေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ ၁၊ တပ်ရင်း ၉၀၃ ဂဠုန်တပ် နတ်မောက် အဖွဲ့ဆီကသိရပါတယ်။
တပ်ဖွဲ့ဝင် ၂၅ ဦးခန့်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ သပွတ်ပင်ရွာကနေ Canter ကားနဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထွက်လာတာဖြစ်ပြီး နေ့လယ် ၃ နာရီခန့်မှာ ကျောက်အိုးရွာနဲ့ သပွတ်ပင်ရွာကြားမှာ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။
တိုက်ခိုက်ခံရတဲ့ နေရာအနီးက လူမနေတဲ့အိမ် ၁ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့သွားကာ ကျောက်အိုးရွာထဲကို ပြန်သွားတယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ ၁ တပ်ရင်း ၉၀၃ ဂဠုန်တပ် နတ်မောက်နဲ့ သာစည် ပကဖ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။