မကွေးတိုင်း၊ နတ်မောက်မြို့နယ်ရှိ စိုင်ကောင်း ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၁ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်၊ စိုင်ကောင်း ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” စိုင်ကောင်း ရဲစခန်းနဲ့ စစ်ဆေးရေး ဂိတ်ကို ဒီနေ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေးတွေ ထိခိုက် သေဆုံးမှုတော့ အတိအကျ မသိရသေးဘူး” ဟု အဖိနှိပ်ခံပြည်သူ့တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို CRC -PLA တပ်ပေါင်းစုဝင် အဖိနှိပ်ခံပြည်သူ့ တော်လှန်ရေး အင်အားစုက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။