မကွေးတိုင်း၊ နတ်မောက်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှု ဒုရဲအုပ် ၁ ဦးနှင့် တပ်ကြပ် ၁ ဦး သေဆုံးကြောင်း ဒေသပြည်သူများ နှင့်တော်လှန် ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန် မကွေးတိုင်း၊ နတ်မောက် မြို့၊ မြို့မကွက်သစ်ရပ်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ် – ဘန်ကာအား လျက်ဆား ပုလင်း လက်ပစ်ဗုံးဖြင့် OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေး အင် အား စု က ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်ဖောက်ခွဲမှု တွင် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားပြီး အခြား စစ်သား ၁ ဦးမှာလည်း အပြင်းအထန်ကျဆုံးနိုင်ခြေဒဏ်ရာ ရရှိကာ မကွေး ဆေးရုံ ကြီးသို့ အရေးပေါ်သယ်ဆောင်သွားကြောင်း ၊ OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုက ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့သည့် ရဲဘော် အောင်ဇေယျ နှင့် ရဲဘော်ကျော်ကြီးတို့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာ နိုင်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန် သည်။
“နတ်မောက်မြို့ ရထားလမ်းဘေး ရဲဂိတ် ဗုံးပေါက်ကွဲတာတော့ ဟုတ်ပါတယ်” ဟု နတ်မောက်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော နောက်ဆုံးဝင်ရောက်လာသော သတင်းများအရ ဗုံးပေါက်ကွဲမှု ကြောင့် သေဆုံးသူ စစ်သား ၂ ဦး ရှိကြောင်း သိရှိရသည်။