တအောင်းတပ်မတော်(TNLA)သိမ်းပိုက်ထိန်းချုပ်ထားသော နမ့်ခမ်းမြို့ကို စစ်ကောင်စီက ယနေ့ နံနက် ၁၁ နာရီခန့်မှစတင်ကာ လေကြောင်းမှ တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
” လေယာဉ်က အနိမ့်လေးကနေ ပျံလာတာ။ အသံမကြားရဘူး။ လေယာဉ်ကနေ ပစ်ချပြီး ပေါက်ကွဲသံကြားမှ လေကြောင်းက တိုက်ခိုက်ထားကိုသိတာ”ဟု နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။
နမ့်ခမ်းမြို့ပေါ်တွင် ယနေ့နံနက် တိုက်ပွဲများဖြစ်နေပြီး စစ်ကောင်စီဘက်မှ အထိအခိုက်များနေသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တအာင်းပြည်နယ်၊ တပ်မဟာ (၁) စစ်ဒေသတွင် ပါဝင်သည့် နမ့်ခမ်းမြို့ကို တအာင်းတပ်မတော် (TNLA) က ထိမ်းချုပ်ထားပြီး စစ်ကောင်စီ၏ စခန်းသစ်ကုန်းကို နိုဝင်ဘာ ၁၇ရက် နံနက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
အဆိုပါ စခန်းမဆုံးရှုံးစေရေးအတွက် နမ့်ခမ်းမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ (၁၄၄) မန်တပ်စခန်းနှင့် ကွတ်ခိုင်မြို့နယ်အခြေစိုက် စစ်ကောင်စီ၏ နမ့်ဖတ်ကာစခန်းမှ လက်နက်ကြီးများဖြင့် အပြင်းအထန်ပစ်ကူတိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲက သတင်းထုတ်ပြန်ထားသည်။