ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ၊ဟိုနားကျေးရွာမှာ မနေ့ညသန်းခေါင်ယံအချိန် စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား မိသားစုဝင် ၅ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်( TNLA ) တို့ကြား တိုက်ပွဲဖြစ်ပြီးနောက် ညပိုင်းမှာ ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတာလို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း နေအိမ်ပေါ် ကျရောက်ပေါက်ကွဲလို့ အရပ်သားမိသားစုဝင် ၅ ဦးသေဆုံး ခဲ့ရတာပါ။
သေဆုံးသူတွေဟာ အသက် ၅၀ ကျော်အရွယ်အမျိုးသား ၂ ဦး ၊အမျိုးသမီး ၂ ဦးနဲ့ ၅နှစ်အရွယ် ကလေးငယ် တို့ဖြစ်တယ်လို့သိရပါတယ်။
TNLA သတင်းပြန်ကြားရေးရုံးတာဝန်ခံကလည်း မနေ့ညပိုင်းမှာ စစ်ကောင်စီ ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ပြောပါတယ်။