ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊နမ့်ဆန်ရဲစခန်းသိမ်းတိုက်ပွဲကနေ လက်နက်တွေ ရရှိခဲ့ တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက် နမ့်ဆန်မြို့နယ်က ရဲစခန်းကို ဒီဇင်ဘာ ၁၁ရက်နေ့ ၊ မနက် ၅နာရီကျော်မှာ တအာင်း တပ်မတော် TNLA က ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့တယ်။
အဲဒီတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ရဲ့ ပစ္စတို (၃)လက်၊ လက်နက်(၁၄)လက်၊ ခဲယမ်းများစွာနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားတာပါ။
ဒီနေ့မနက်မှာလည်း အကြမ်းဖက် စစ်တပ်ရဲ့ မန်တုံ ၁၃၀ တပ်စခန်းကနေ နမ့်ဆန်မြို့နယ်ဘက်ကို လက်နက်ကြီးနဲ့ (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို Y12 လေယာဥ်နဲ့ နမ့်ဆန်မြို့တွင်းကို ဗုံး(၂)ကြိမ် လာရောက်ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။