ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်မှ လက်နက်ကြီး၊ လက်နက် ငယ် အလက် ၃၀၀ သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်၏ နမ့်ဖတ်ကာ စစ်တပ်စခန်းကို KIA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတပ်စခန်းမှ လက်နက်ကြီးလက်နက်ငယ် ၃၀၀ ခန့် သိမ်းဆည်းရရှိကြောင်း ၊ လက်နက်များတွင် ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက် ၂ လက် ၊ ၈၁ မမ နှင့် ၆၀ မမ ၈ လက် ၊ စက်လက် ၁၇ လက်၊ ငါးကြင်းမြီး ၁၆ လက်၊ လက်ထောက် ၁၉ လက်၊ MA ၁၀၅ လက်၊ ဒရုန်း ၃ စီး၊ ဂျမ်မာစက် တစ်ခု အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
“လက်နက်ခဲယမ်းတွေမှာ အကောင်းအတိုင်း ပြန်သုံးလို့ရတာတွေ အတော်များတယ်။ ပျက်စီးသွားတဲ့ လက်နက်တွေကိုတော့ ထည့်မတွက်ထားဘူး” ဟု KIA သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။
နမ့်ဖတ်ကာတိုက်ပွဲတွင် စစ်တပ်ဘက်မှ FTC 2000 G တိုက်လေယာဉ်တစ်စင်းကိုလည်း KIA တပ်များက ပစ်ချနိုင်ခဲ့ကြောင်း သိရှိရသည်။