ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအခြေစိုက်စစ်ကောင်စီ ခြေလျင်တပ်ရင်း- ခလရ (၁၂၃)တွင် တပ်ထိုင်ထားသော စကခ-၁၇ တပ်မမှူးသည် ကတုပ်ကျင်းထဲမှ မထွက်သည်မှာ နှစ်လခန့်ရှိပြီဖြစ်ပြီး အချိန်အများစု အရက်သောက်နေကာစိတ်ဂယောက်ချောက်ခြားဖြစ်နေကြောင်း ယင်းတပ်ရင်းနှင့် နီးစပ်သူကပြောသည်။
“ကတုပ်ကျင်းထဲက မထွက်တာ တော်တော်ကြာပြီ။ နှစ်လလောက်ရှိပြီ။ အပေါ့အလေး ကိစ္စကလွဲလို့ မထွက်တော့ဘူး။ အရက်ကြီးပဲသောက်နေပြီး စိတ်လည်း ဂယောင်ချောက်ခြားဖြစ်နေတယ်။ ရွာထဲကို မီးခဏခဏ သွားရှို့ခိုင်းတယ်။ လက်နက်တိုက်ကိုတော့ အမြဲတစေ အစောင့်ထားတယ်”ဟု စိုက် ခလရ ၁၂၃ တပ်ရင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။
စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ် -စကခ (၁၇) သည် နမ့်ဇလပ်၁ ဗျူဟာ နှင့် ၁၀၅ မိုင် ဗျူဟာ ၁ တို့ကို ညီနောင် သုံးဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် နမ့်ဖတ်ကာရှိ ခမရ (၁၂၃)တွင်လာရောက်တပ်ထိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ စကခ ၁၇ တပ်မမှူး ဗိုလ်မှူးချုပ် ရဲကျော်သည် စစ်တက္ကသိုလ် အမှတ် စဥ် ၄၀ ဆင်းဖြစ်ကြောင်းသိရသည်။
ဗိုလ်မှူးချုပ်ရဲကျော်၏ လတ်တလောအခြေအနေကို အထက်ပါ သတင်းရင်းမြစ်အပြင်အဆိုပါ တပ်ရင်းမှ အခြားတပ်ဖွဲ့ဝင်အချို့ ကလည်း ပြန်ပြောပြခြင်းဖြစ်သည်။
သို့သော် ခမရ ၁၂၃ တပ်ရင်းမှူး သည် KIA က စခန်းကိုစတိုက်စဥ် ကတည်းကပျောက်နေကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ဗိုလ်မှူးရဲကျော်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်လာလနှင့် ဒီဇင်ဘာလအတွင်းက ၎င်း၏ တပ်ရင်း မကြာခဏ တိုက်ခိုက်ခံနေရစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ရွာထဲသို့သွား၍ နေအိမ်များအားမီးရှို့ဖျက်ဆီးခိုင်းခဲ့သည်ဟု သိရသည်။
” ခဏခဏ ထွက်ရှို့ခိုင်းတာ။ ရဲဘော်တွေက ခဏခဏ
ဆိုတော့ မရှို့ချင်တာရော၊ အပစ်ခံရမှာကြောက်တော့ လူမနေတဲ့ အိမ်တချို့ကို လိုက်ရှို့ပီ့း မီးခိုးထွက်တာကို ဓာတ်ပုံရိုက်ပြခဲ့ရတယ်” ဟု ကိုယ်တိုင် မီးရှို့ရန်စေခိုင်းခံရဖူးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်သည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်ရင်းအား စွန့်ခွာထွက်ပြေးခဲ့ပြီး ယခုအခါလွတ်မြောက် နယ်မြေ တစ်နေရာသို့ရောက်ရှိနေသည်။
သို့သော် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်များတွင်မူ ခမရ ၁၂၃ ကို ချီးကျူးနေကြသည်ကိုတွေ့ရသည်။ –
“ရှမ်းမြောက်မှာဘယ်သူမှသတိမထားမိတဲ့တပ်တစ်ခုရှိတယ်အဲ့ဒါက နမ့်ဖတ်ကာကျေးရွာအခြေစိုက် ခလရ ၁၂၃ တပ်ရင်းပါ လောက်ကိုင်ကွမ်လုံ တာမိုးညဲ နမ့်စလပ် ကွတ်ခိုင် သိန်နီ မှာရှိတဲ့တပ်တွေအတော်များများဆုတ်လိုက်ရတဲ့အချိန်ခုချိန်ထိ နမ်ဖတ်ကာ ၁၂၃ နဲ့ နမ့်ခမ်း မန်တပ် ၁၄၄ တပ်ရင်းတွေခုချိန်ထိကြံ့ကြံ့ခံစဲပါပဲ နမ်ဖတ်ကာတွင် ဒီကနေ့လည်း တိုက်ပွဲ ပြင်းထန် နေတယ်လို့သိရှိရပါတယ်”ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် ချန်နယ်လ်တစ်ခုကရေးသားထားသည်ကိုတွေ့ရသည်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းက ယင်းတပ်ရင်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အပြင် ကချင်အမျိုးသားလွတ်လပ်ရေးတော်မတော် KIA ကလည်း တိုက်ခိုက်ခဲ့သည်။ ထိုကာလ၌ ခလရ ၁၂၃ ထဲမှ လက်
နက်ကြီးများဖြင့် လူနေရပ်ကွက်များအားပစ်ခတ်ခဲ့ရာ ဒေသခံ ငါဦးထက်မနည်းသေဆုံးခဲ့သည်။
ဇန်နဝါရီ ၇ ရက်တွင် ကွတ်ခိုင်မြို့ကို TNLA ကသိမ်းပိုက်ခဲ့သည်။ သို့သော်ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ်စခန်းအချို့ ကျန်နေရာ ခလရ ၁၂၃ မှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။