ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ၊ နမ့်ဟူးကျေးရွာကို စစ်ကောင်စီက ယမန်နေ့ မတ်လ ၁၂ ရက် က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PNLA က ယနေ့ မတ်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ခြေက နမ့်ဟူးကျေးရွာမှာ PNLA တပ်ဖွဲ့တွေ နမ့်ဟူးကျေးရွာမှာ မရှိသလို လုံခြုံရေးလှုပ်ရှားစစ်ကြောင်း လဲ ရောက်တာ မရှိဘူူးလို့ ပြောပါတယ်။
အဲတာကို မနေ့က စစ်ကောင်စီနဲ့ လက်ပါးစေတွေက ရွာကိုမီးရှို့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့တာလို့ သတင်းအမှားတွေနဲ့ ပြည်သူတွေကို သွှေးခွဲနေတယ်လို့ ဆိုပါတယ်။ ပြည်သူတွေရဲ့နေအိမ်၊ မြို့ရွာတွေကို မီးရှို့တိုက်ခိုက်တာဟာ စစ်ကောင်စီနဲ့ အပေါင်းပါတွေသာ ပြုလုပ်တာကို တတိုင်းပြည်လုံး အသိဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ မီးရှို့မှုကြောင့် အိမ်ခြေ၁၀၀ ရှိတဲ့ နမ့်ဟူးကျေးရွာဟာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။
၎င်းအပြင် စစ်ကောင်စီဟာ ဆိုက်ခေါင်အထိုင်ချ အမြောက်တပ်ကနေ ဆီဆိုင်မြို့ကို လက်နက်ကြီးချက်ရေ ၈၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၄ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PNLA သတင်းစဉ်မှာ ပါရှိပါတယ်။